Isaiah 30:12
သို့ဖြစ်၍၊ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် နှုတ်ကပတ် တော်ကို ပယ်၍၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲ ခိုလှုံသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 52:7ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။
Isaiah 5:7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက် တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏။
Isaiah 28:15သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊
Isaiah 30:7အဲဂုတ္တုပြည် အချည်းနှီးသက်သက်၊ အကျိုးမ ပေးနိုင်။ ထိုကြောင့်၊မလှုပ်ဘဲနေတတ်သောရာခပ်ဟု ငါ သမုတ်ပေ၏။
Isaiah 31:1စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍၊မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို၎င်း၊ အားကြီးသော မြင်းစီးသူရဲတို့ကို၎င်းခိုလှုံလျက်၊ ဣသရေ လ အမျိုး၏ သန့်ရှင်းသောဘုရားကို မမြော်လင့်၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ၏။
Jeremiah 13:25သင်သည်ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲ ဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း။