Isaiah 30:13
သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက် ကဲ့သို့၎င်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ခြင်း ပြိုပျက်တတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Kings 20:30ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ်သည် ပြေး၍မြို့ထဲအတွင်း အခန်း၌ ပုန်းလျက် နေ၏။
Psalms 62:3သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
Psalms 73:19တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
Isaiah 29:5သို့ရာတွင်၊သင်၏ ရန်သူအလုံးအရင်းသည် အ ဏုမြူကဲ့သို့၎င်း၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့၎င်းဖြစ်၍၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည်။
Ezekiel 13:14ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြ လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။
Luke 6:49ငါ့စကားကိုကြား၍ နားထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏။