Isaiah 60:18
သင်၏ပြည်၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍ ၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍၎င်း သမုတ်ရလိမ့် မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 72:3တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏ လူတို့အား ချမ်းသာပေးကြ ပါလိမ့်မည်။
Isaiah 11:9ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်း ချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်း မူကား၊ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
Micah 4:3ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။
Zechariah 9:8အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှါ၊ ငါ့အိမ် တော်ပတ်လည်၌ တပ်ချမည်။ ညှဉ်းဆဲသောသူသည် ငါ့ လူတို့ကို နောက်တဖန် မနှိပ်နင်းရ။ အကြောင်းမူကား၊ ငါသည် ယခု ကိုယ်တိုင်ကြည့်၍ မြင်ပြီ။