Job 6:21
ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
1835 Judson Burmese Bible
In The King James Version
For now ye are no thing; ye see my casting down, and are afraid.
In Context
20မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
22ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
Cross References
Job 6:15ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
Job 19:19ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။
Psalms 62:9အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏။
Isaiah 2:22နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။
Jeremiah 51:9ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။
Matthew 26:56ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။