ရှင်ယောဟန်ခရစ်ဝင် 16:32
သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ်။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
31ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
Isaiah 50:6ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
Matthew 26:31ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။
Mark 14:27ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။
John 4:21ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။
John 5:25ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။
John 8:16ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။