The Bible Software
bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 21 › ရှင်ယောဟန်ခရစ်ဝင် 21:17

ရှင်ယောဟန်ခရစ်ဝင် 21:17

ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

1835 Judson Burmese Bible

In The King James Version

He saith unto him the third time, Simon, son of Jonas, lovest thou me? Peter was grieved because he said unto him the third time, Lovest thou me? And he said unto him, Lord, thou knowest all things; thou knowest that I love thee. Jesus saith unto him, Feed my sheep.

In Context

16တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။

18ငါအမှန်အကန်ဆိုသည်ကား၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။

Read all of ရှင်ယောဟန်ခရစ်ဝင် 21

Cross References

1 Kings 17:18မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊

1 Chronicles 29:17အကျွန်ုပ်တို့၏ ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကို စစ်၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိပါ၏။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော၊ ကြည်ညိုသော စိတ်ရှိသည် နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ၏။ စည်းဝေးလျက်ရှိသော ကိုယ်တော်၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကို မြင်၍ဝမ်းမြောက်ပါ၏။

Psalms 7:8ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင် တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဖြောင့်မတ်ခြင်း ကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။

Jeremiah 17:10ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ်၏။

Matthew 25:40မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။

Mark 14:72တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယောဟန်ခရစ်ဝင် 21:17

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်ယောဟန်ခရစ်ဝင် 21:16ရှင်ယောဟန်ခရစ်ဝင် 21ရှင်ယောဟန်ခရစ်ဝင် 21:18 →