ရှင်ယောဟန်ခရစ်ဝင် 6:19
ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ရောက်သောအခါ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေ အနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောင့်လန့်ခြင်းရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
18လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Job 9:8မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
Psalms 93:4ရေများ ဟုန်းသံနှင့်တကွ သမုဒ္ဒရာ လှိုင်းတံပိုး တို့သည်အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့် သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။
Jonah 1:13သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင် သောအခါ၊
Mark 6:47ညအချိန်ရောက်သောအခါ လှေသည် အိုင်အလယ်၌ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှ တယောက် တည်း ရှိနေတော်မူ၏။
Luke 24:36ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။
John 14:18ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။