ရှင်ယောဟန်ခရစ်ဝင် 7:19
မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံ တယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Did not Moses give you the law, and yet none of you keepeth the law? Why go ye about to kill me?
In Context
20လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Exodus 24:2သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ၏။
Deuteronomy 33:4ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
Matthew 12:14ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။
Matthew 23:2ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ၏။
Mark 3:6ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ၏။
John 5:16ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။