ရှင်မာကုခရစ်ဝင် 1:7
ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြတ်ခြင်းငှါ ငါမထိုက်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 3:14ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။
Luke 7:6ယေရှုသည် သူတို့နှင့်အတူကြွတော်မူ၏။ တပ်မှူးအိမ်နှင့်မနီးမဝေးရောက်တော်မူသောအခါ၊ တပ်မှူး သည် မိမိအဆွေတို့ကို စေလွှတ်၍၊ သခင်၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ။
John 3:28ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။