ရှင်မာကုခရစ်ဝင် 14:3
ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော်ရှိတော်မူသည်ဖြစ်၍၊ မိန်းမတယောက် သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မစဉ်၊ ကျောက်ဖြူခွင်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
2သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ၏။
4အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း။
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
Song of Solomon 4:13သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊
Matthew 21:17ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။
Matthew 26:6ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု၏ အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊
John 11:2နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း။