ရှင်မာကုခရစ်ဝင် 3:21
ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
20ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည့်တိုင်အောင် လူများတို့သည် တဖန်စုဝေး ကြပြန်၏။
Cross References
Jeremiah 29:26သင်သည် ဗိမာန်တော်၌ လူစောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။
Mark 3:31ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက်သောသူကို ကိုယ် တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။
John 10:20လူများတို့က၊ သူသည်နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
2 Corinthians 5:13ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ၏။