The Bible Software
bible.software › Nehemiah › Nehemiah 10 › Nehemiah 10:38

Nehemiah 10:38

လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည်။

1835 Judson Burmese Bible

In The King James Version

And the priest the son of Aaron shall be with the Levites, when the Levites take tithes: and the Levites shall bring up the tithe of the tithes unto the house of our God, to the chambers, into the treasure house.

In Context

37အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။

39လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။

Read all of Nehemiah 10

Cross References

Leviticus 27:30စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

Numbers 15:21သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။

Numbers 18:24ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။

Deuteronomy 14:22လယ်ယာ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည်။

2 Chronicles 31:11ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊

Nehemiah 13:31ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ နေဟမိမှတ်စာပြီး၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Nehemiah 10:38

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Nehemiah 10:37Nehemiah 10Nehemiah 10:39 →