Nehemiah 2:18
ငါ၏ ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကို၎င်း၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို၎င်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍ တည်ကြ ကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Chronicles 11:10ဣသရေလအမျိုး၌ ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့၏ စာရင်းဟူမူကား၊
2 Chronicles 32:5ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်း တည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
Nehemiah 2:8ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ၏။
Ephesians 6:10ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့် ၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။