Proverbs 21:28
မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။
1835 Judson Burmese Bible
In The King James Version
A false witness shall perish: but the man that heareth speaketh constantly.
In Context
29မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။
Cross References
Deuteronomy 19:16မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊
Proverbs 12:19သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
Proverbs 19:9မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသာကိုသုံးသော သူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
Acts 12:15ထိုသူတို့က၊ သင်သည်အရှုးဖြစ်၏ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင်၊ ပေတရု၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏။
2 Corinthians 4:13ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို၏ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြောကြ၏။