Proverbs 31:25
လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
Strength and honour are her clothing; and she shall rejoice in time to come.
In Context
24ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။
26ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။
Cross References
Job 40:10ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။
Psalms 132:9ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့် မတ်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်း သူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
Isaiah 61:10ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့၎င်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။
Matthew 25:20အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။
Ephesians 4:24ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
1 Peter 5:5ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကိုနားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။