Proverbs 4:18
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
1835 Judson Burmese Bible
In The King James Version
But the path of the just is as the shining light, that shineth more and more unto the perfect day.
In Context
17ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။
Cross References
2 Samuel 23:4မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
Job 23:10သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။
Psalms 97:11အလင်းသည် တရားသောသူအဘို့၊ ဝမ်းမြောက် ခြင်းသည် သဘောဖြောင့်သော သူတို့အဘို့ ပျိုးကြဲလျက် ရှိ၏။
Isaiah 26:7ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ်၏။ အိုဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင် တော်မူ၏။
Hosea 6:3ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
Matthew 5:14သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။