Proverbs 4:19
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
1835 Judson Burmese Bible
In The King James Version
The way of the wicked is as darkness: they know not at what they stumble.
In Context
18ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
20ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။
Cross References
1 Samuel 2:9မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
Job 12:25သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။
Job 18:18သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။
Proverbs 2:13ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
Isaiah 59:9ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။
Jeremiah 13:16မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။