Proverbs 4:20
ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့။
1835 Judson Burmese Bible
In The King James Version
My son, attend to my words; incline thine ear unto my sayings.
In Context
21သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။
Cross References
Psalms 78:1ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။
Proverbs 5:1ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာ ကိုမှတ်ကျုံး၍၊ ငါပေးသောဉာဏ်သို့ သင့်နားကို လှည့်လော့။
Proverbs 7:1ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
Isaiah 55:3နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အား ပေးမည်။