Psalms 10:14
သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသော သူ၏ ခိုလှုံရာဖြစ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
15မတရားသဖြင့် ပြု၍ဆိုးသော သူ၏လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။
Cross References
Genesis 31:12သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကို ငါမြင် ၏။
Exodus 22:22မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။
Deuteronomy 10:18မိဘမရှိသော သူငယ်၊ မုတ်ဆိုးမဘက်၌ တရား စီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
2 Samuel 16:12ထာဝရဘုရားသည် ငါ၏ဒုက္ခကို ကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
2 Chronicles 6:23ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ၍ အပြစ်မှ လွတ်စေခြင်း ငှါ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
Psalms 22:11အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ဘေးအန္တရာယ် ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။