Psalms 105:14
သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊
1835 Judson Burmese Bible
In The King James Version
He suffered no man to do them wrong: yea, he reproved kings for their sakes;
In Context
13သူတို့သည် တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
15ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
Cross References
Genesis 12:14အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။
Genesis 20:1တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့ သို့ တည်းခို၏။
Genesis 20:7ယခုမှာ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဘို့ ဆုတောင်းလျက်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲ နေလျှင် သင်မှစ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
Genesis 31:24ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့် အချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။
Exodus 7:16ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။
Jeremiah 39:12ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊