Psalms 119:108
အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။
1835 Judson Burmese Bible
In The King James Version
Accept, I beseech thee, the freewill offerings of my mouth, O LORD, and teach me thy judgments.
In Context
107အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။
109အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။
Cross References
Numbers 29:39ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။
Psalms 27:6ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။
Psalms 119:26အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ၍၊ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
Psalms 119:169အို ထာဝရဘုရား၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော။ နှုတ်ကပတ်တော် အတိုင်း ဉာဏ်ကို ပေးသနားတော်မူပါ။
Hebrews 13:15ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။