Psalms 139:23
အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ။
1835 Judson Burmese Bible
In The King James Version
Search me, O God, and know my heart: try me, and know my thoughts:
In Context
22ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ် ရန်သူကဲ့သို့ မှတ် ပါ၏။
24ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော် မူပါ။
Cross References
Deuteronomy 8:16သင့်ကို နှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ ကျေးဇူးပြု လိုသောငှာ၊ သင်၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော၌ ကျွေးမွေးတော်မူသော သင်၏ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့၍၊
Psalms 11:4ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။
Psalms 17:3အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ။ ညဉ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူ ရာ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ။
Psalms 139:1အိုထာဝရဘုရား၊ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
Jeremiah 11:20နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
Malachi 3:2လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူ သောအခါ အဘယ်သူသည် ခံရလိမ့်မည်နည်း။ ထိုသခင် သည် ငွေစစ်သောသူ၏မီး၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။