Psalms 139:24
ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော် မူပါ။
1835 Judson Burmese Bible
In The King James Version
And see if there be any wicked way in me, and lead me in the way everlasting.
In Context
Cross References
Psalms 5:8အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ။
Psalms 16:11အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။
Psalms 25:8ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
Psalms 119:1ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ၏။
Psalms 143:8ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ၏။
Proverbs 15:9မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။