Psalms 18:26
သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။
1835 Judson Burmese Bible
In The King James Version
With the pure thou wilt shew thyself pure; and with the froward thou wilt shew thyself froward.
In Context
25သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊
27နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။
Cross References
Leviticus 26:27ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
Psalms 109:17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
Micah 2:7ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။
Romans 2:9ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ဟေလသလူ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့၊