Psalms 51:15
အိုထာဝရဘုရား၊ အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော် မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်။
1835 Judson Burmese Bible
In The King James Version
O Lord, open thou my lips; and my mouth shall shew forth thy praise.
In Context
Cross References
Genesis 44:16ယုဒကလည်း၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန်တော်တို့၏အပြစ်ကို ဘုရားသခင် စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ ရှိသမျှသည် သခင်၏ ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊
1 Samuel 2:9မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။
Psalms 63:3ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
Ezekiel 3:27သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ် ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူ၏ ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသသည် နားမထောင် ဘဲနေစေ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ၏။
Ezekiel 29:21ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Matthew 22:12အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။