ဗျာဒိတ်ကျမ်း 11:5
တစုံတယောက်သော သူသည် သူတို့ကို ညှင်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင် ၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 1:10ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
Isaiah 11:4ဆင်းရဲသားတို့၏ အမှုကိုတရားတော် အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
Jeremiah 5:14သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကိုထင်းကဲ့သို့၎င်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။
Hosea 6:5ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ။
Zechariah 2:8ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။