Song of Solomon 8:9
သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Song of Solomon 1:11ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
Isaiah 58:12သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သော သူဟူ၍ သမုတ်ခြင်း ကို ခံရလိမ့်မည်။
Isaiah 61:4ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်။
Matthew 16:18ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
Acts 15:16ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။
Ephesians 2:20အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။