2 ရာဇဝင်ချုပ်ပထမစောင် 22:18
မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 22
Cross References
Deuteronomy 20:4သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
Joshua 22:4ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
Judges 6:12ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။
2 Samuel 5:19ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
1 Chronicles 22:9သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
Psalms 44:1အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။