2 ရာဇဝင်ချုပ်ပထမစောင် 7:28
သူတို့သိမ်းယူ၍အခြေစိုက်နေထိုင်ကြ သည့်နယ်မြေတွင်အရှေ့သို့လားသော်နာရန် မြို့အထိ၊ ထိုမြို့နှင့်ဗေသလမြို့နှင့်အနီး တစ်ဝိုက်ရှိမြို့များ၊ အနောက်သို့လားသော် ဂေဇာမြို့အထိ၊ ထိုမြို့နှင့်အနီးတစ်ဝိုက် ရှိမြို့များပါဝင်၏။ ရှေခင်မြို့၊ အာရမြို့နှင့် ယင်းတို့၏အနီးတစ်ဝိုက်ရှိမြို့များလည်း ပါ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 7
Cross References
Genesis 28:19ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
Joshua 16:5ဧဖရိမ်အနွယ်မိသားစုတို့အတွက်ခွဲဝေ ပေးသော နယ်မြေ၏နယ်နိမိတ်မှာအောက်ပါ အတိုင်းဖြစ်သည်။ အရှေ့ဘက်နယ်နိမိတ်သည် အတရုတ်အဒ္ဒါမြို့မှအစပြု၍ အရှေ့ဘက် ရှိအထက်ဗက်ဟောရုန်မြို့ကိုဖြတ်၍၊-
Joshua 16:8တစ်ဖန်နယ်နိမိတ်သည်တာပွာမြို့မှအနောက် ဘက်ကာနချောင်းသို့ရောက်၍ မြေထဲပင်လယ် တွင်အဆုံးသတ်သည်။ ဤနယ်မြေကိုဧဖရိမ် အနွယ်မိသားစုများကအပိုင်ရရှိကြ သည်။-
Judges 1:22ဧဖရိမ်အနွယ်ဝင်နှင့်မနာရှေအနွယ်ဝင် တို့သည်ဗေသလမြို့ကိုတိုက်ခိုက်ရန်သွား ရောက်ကြ၏။ ထိုစဉ်အခါကထိုမြို့သည် လုဇမြို့ဟုအမည်တွင်လေသည်။ ထာဝရ ဘုရားသည်သူတို့အားကူညီမစတော် မူ၏။ မြို့တွင်းသို့သူတို့စေလွှတ်လိုက်သော သူလျှိုတို့သည်၊-