ကောရိန္တုဩဝါဒစာပထမစောင် 10:14
သို့ဖြစ်၍ချစ်သူတို့၊ ရုပ်တုကိုးကွယ်မှုကို ရှောင်ကြဉ်ကြလော့။-
Common Language Bible
In The King James Version
Wherefore, my dearly beloved, flee from idolatry.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 10
Cross References
Romans 12:19မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။-
1 Corinthians 10:20ဤသို့ငါမဆိုလို။ ဘုရားသခင်ကိုမကိုးကွယ် သူတို့ပူဇော်သောယဇ်သည် နတ်မိစ္ဆာများအားပူ ဇော်သောယဇ်သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ကြောင်းကိုသာလျှင်ငါ ဆိုလို၏။ ငါသည်သင်တို့အားနတ်မိစ္ဆာများနှင့် မဆက်ဆံစေလို။-
2 Corinthians 7:1ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
2 Corinthians 12:15ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။
Philippians 4:1ငါ့ညီအစ်ကိုတို့၊ သင်တို့အားငါအလွန်ချစ် ၍လွမ်းဆွတ်ပါသည်။ ငါသည်သင်တို့ကိုအကြောင်း ပြု၍လွန်စွာဝမ်းမြောက်၍ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုတို့၊ ငါတို့ဆိုခဲ့သည့်အတိုင်း ကြံ့ခိုင်စွာရပ်တည်ကြလော့။
1 Peter 2:11ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့် သည်အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲ စစ်ပြိုင်တိုက်ခိုက်လျက်နေသောကာယတပ် မက်မှုများကိုအရှုံးမပေးရန် ငါတိုက်တွန်း နှိုးဆော်၏။-