ကောရိန္တုဩဝါဒစာပထမစောင် 10:31
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
Common Language Bible
In The King James Version
Whether therefore ye eat, or drink, or whatsoever ye do, do all to the glory of God.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 10
Cross References
Deuteronomy 12:7သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
Deuteronomy 12:18သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
Zechariah 7:5ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။-
1 Corinthians 7:34ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
Colossians 3:23အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။-