ကောရိန္တုဩဝါဒစာပထမစောင် 7:34
ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
Luke 10:40မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
Romans 12:1သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
2 Corinthians 7:11ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
2 Corinthians 11:28ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။-
1 Thessalonians 5:23ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
Titus 3:8ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-