ကောရိန္တုဩဝါဒစာပထမစောင် 11:30
ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။-
Common Language Bible
In The King James Version
For this cause many are weak and sickly among you, and many sleep.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 11
Cross References
Numbers 20:12သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
Numbers 21:6ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-
1 Kings 13:21ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
Psalms 78:30သို့ရာတွင်သူတို့သည်ရောင့်ရဲမှုမရနိုင်။
Amos 3:2ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
1 Corinthians 11:32သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။