ကောရိန္တုဩဝါဒစာပထမစောင် 11:4
သို့ဖြစ်၍ယောကျာ်းသည်ဝတ်ပြုအစည်းအဝေး တွင်မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ပတ္ထနာပြု သော်လည်းကောင်း၊ တရားဟောသော်လည်းကောင်း ခရစ်တော်၏အသရေတော်ကိုရှုတ်ချသူ ဖြစ်၏။-
Common Language Bible
In The King James Version
Every man praying or prophesying, having his head covered, dishonoureth his head.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 11
Cross References
2 Samuel 19:4မင်းကြီးသည်မျက်နှာကိုအုပ်၍``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား'' ဟုကျယ်လောင်စွာငိုကြွေးတော်မူ၏။
1 Corinthians 12:10ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
1 Corinthians 14:1ထို့ကြောင့်သင်တို့သည်မေတ္တာတရားကိုကျင့်သုံး ရန် ကြိုးပမ်းအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူး များကိုတောင့်တလိုချင်ကြလော့။ အထူးသဖြင့် နှုတ်ကပတ်တရားတော်ဟောပြောနိုင်သောဆု ကျေးဇူးကိုလိုလားကြလော့။-