ကောရိန္တုဩဝါဒစာပထမစောင် 12:2
သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
Common Language Bible
In The King James Version
Ye know that ye were Gentiles, carried away unto these dumb idols, even as ye were led.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 12
Cross References
Psalms 115:7လက်များပါရှိလျက်နှင့်မထိမတွေ့နိုင်။ ခြေများရှိပါလျက်နှင့်လမ်းမလျှောက်နိုင်။ သူတို့သည်အသံတစ်စုံတစ်ခုကိုမျှ မပြုနိုင်။
Isaiah 46:7သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
Habakkuk 2:18ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင်% ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့်% အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ% ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ % မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ% ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား% ရမည်နည်း။ ယင်းသည်စကားမပြောနိုင်% သည့်ဘုရားဖြစ်ပါသည်တကား၊-%
1 Corinthians 6:11ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
Ephesians 2:11ဇာတိအလျောက်လူမျိုးခြားဖြစ်ကြသောသင် တို့အား အရေဖျားလှီးမင်္ဂလာမခံသူများဟု ယုဒအမျိုးသားများကခေါ်ကြ၏။ ယုဒ အမျိုးသားများက မိမိတို့ကိုယ်ကိုအရေ ဖျားလှီးမင်္ဂလာခံသူများဟုခေါ်ကြ၏။ (အရေဖျားလှီးမင်္ဂလာဟုဆိုရာ၌ကိုယ် ကာယနှင့်ဆိုင်သောအမှုဖြစ်သည်။) အထက် ကသင်တို့၏အခြေအနေကိုသတိရ ကြလော့။-
1 Thessalonians 1:9သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။