ကောရိန္တုဩဝါဒစာပထမစောင် 14:13
ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။-
Common Language Bible
In The King James Version
Wherefore let him that speaketh in an unknown tongue pray that he may interpret.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
John 14:13သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
Acts 4:29အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။-
1 Corinthians 12:10ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။-
1 Corinthians 14:27ထူးဆန်းသောဘာသာစကားဖြင့်ပြောမည် ဆိုပါကနှစ်ယောက်ဖြစ်စေ၊ အများဆုံးသုံး ယောက်ဖြစ်စေအလှည့်ကျပြောစေလော့။ ထို နောက်လူတစ်ယောက်ကအနက်အဋ္ဌိပ္ပါယ် ပြန်ပါစေ။-