တမန်တော်ဝတ္ထု 4:29
အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 58:1``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-
Ezekiel 2:6``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-
Micah 3:8ငါမူကား၊ ဣသရေလအမျိုးသားတို့အား မိမိတို့ပုန်ကန်ကူးလွန်သည့်အပြစ်များ ကိုထုတ်ဖော်ကြေညာရန် ထာဝရဘုရား၏ ဝိညာဉ်တော်အရှိန်တန်ခိုး၊ တရားမျှတစွာ စီရင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိတို့နှင့်ပြည့်ဝ၏။-
Acts 4:17သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။''
Acts 4:31ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။