ကောရိန္တုဩဝါဒစာပထမစောင် 14:20
ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
Psalms 119:99ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ပေးတော် မူသော ဆုံးမသွန်သင်ခက်မားကိုအောက်မေ့ ဆင်ခြင်သည်ဖြစ်၍ ကွန်တော်မျိုး၏ဆရာအပေါင်းတို့ထက်ပိုမို သိရှိနားလည်ပါ၏။
Isaiah 11:3ကိုယ်တော်အားကြောက်ရွံ့ရိုသေမှု၌လည်း မွေ့လျော်ပျော်ပိုက်လိမ့်မည်။ သူသည်မျက်စိနှင့်မြင်ယုံသို့မဟုတ် တစ်ဆင့်စကားနှင့်ကြားယုံဖြင့်အဆုံး အဖြတ် ပေးလိမ့်မည်မဟုတ်။
Matthew 18:3ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
Mark 10:15အမှန်အကန်ငါဆိုသည်ကားကလေးသူငယ် နည်းတူ ဘုရားသခင်၏အုပ်စိုးတော်မူခြင်းကို လက်မခံသောသူသည် နိုင်ငံတော်သို့ဝင်ရလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။-
1 Corinthians 2:6သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
1 Corinthians 13:11ငါသည်ကလေးသူငယ်ဖြစ်စဉ်အခါက၊ ကလေးသူငယ်ကဲ့သို့စကားပြော၏။ သူငယ် ကဲ့သို့စိတ်တွင်ခံစားရ၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်၏။ ကြီးပြင်းလာသော အခါ၌မူကားကလေးသူငယ်၏အလေ့ များကိုငါပယ်ရှား၏။-