ကောရိန္တုဩဝါဒစာပထမစောင် 15:31
ညီအစ်ကိုတို့၊ ငါသည်သေဘေးနှင့်နေ့တိုင်းရင် ဆိုင်ရ၏။ ငါသည်သင်တို့အတွက်ဂုဏ်ယူဝါ ကြွားသဖြင့်လည်းကောင်း၊ ငါသည်သင်တို့နှင့် အတူငါတို့အရှင်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်သဖြင့်လည်းကောင်းဤ သို့ပြောဆိုရခြင်းဖြစ်၏။-
Common Language Bible
In The King James Version
I protest by your rejoicing which I have in Christ Jesus our Lord, I die daily.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 15
Cross References
1 Samuel 8:9သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။
Zechariah 3:6ထိုနောက်ကောင်းကင်တမန်သည်ယောရှုအား၊-
Romans 8:36``ကိုယ်တော်၏အတွက်အကျွန်ုပ်တို့သည် တစ်နေ့လုံးပင်သေဘေးနှင့်ရင်ဆိုင်လျက် နေကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြပါ၏'' ဟူသောကျမ်းစကားအတိုင်းဖြစ်ပေသည်။-
2 Corinthians 1:12ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
2 Corinthians 4:10သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။-
Philippians 3:3အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-