ရောမဩဝါဒစာ 8:36
``ကိုယ်တော်၏အတွက်အကျွန်ုပ်တို့သည် တစ်နေ့လုံးပင်သေဘေးနှင့်ရင်ဆိုင်လျက် နေကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြပါ၏'' ဟူသောကျမ်းစကားအတိုင်းဖြစ်ပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 44:22သို့ရာတွင်ကိုယ်တော်ရှင်အားသစ္စာစောင့်သည့် အတွက်ကြောင့် ကျွန်တော်မျိုးတို့သည်အခါခပ်သိမ်းသေ ဘေးနှင့် ကြုံရကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့သူတစ်ပါးတို့ မှတ်ယူခြင်းကိုခံရကြပါ၏။
Isaiah 53:7``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။
Jeremiah 12:3သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အကြောင်းကိုသိတော်မူပါ၏။ ကျွန်တော်မျိုးပြုကျင့်သည့်အမှုကိုလည်းကောင်း၊ ကိုယ်တော်ရှင်အား၊ကျွန်တော်မျိုး၏အကြံ အစည် ကိုလည်းကောင်းသိမြင်တော်မူပါ၏။ ထိုဆိုးညစ်သူတို့အားအသတ်ခံရမည့်သိုး များကဲ့သို့ ဆွဲထုတ်သွားတော်မူပါ၏။ အသတ်ခံရချိန်မတိုင်မီသူတို့အား စောင့်ကြပ်ထားတော်မူပါ၏။
John 16:2သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
Acts 20:24သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
1 Corinthians 15:30အဘယ်ကြောင့်ငါတို့ကိုယ်တိုင်ပင်ဘေးအန္တရာယ် နှင့်နာရီမလပ်ရင်ဆိုင်လျက်နေရကြသနည်း။-