ကောရိန္တုဩဝါဒစာပထမစောင် 15:43
မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။-
Common Language Bible
In The King James Version
It is sown in dishonour; it is raised in glory: it is sown in weakness; it is raised in power:
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 15
Cross References
Psalms 102:23ငါငယ်စဉ်အခါကပင်လျှင်ထာဝရဘုရားသည် ငါ့ကိုအားအင်ချိနဲ့စေတော်မူ၍ငါ၏အသက် ကို တိုစေတော်မူပါပြီ။
Matthew 13:43ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
Mark 12:24သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် အကြောင်းကိုလည်းမသိကြ။ သို့ဖြစ်၍အယူ လွဲလျက်နေကြ၏။-
2 Corinthians 13:4ကိုယ်တော်သည်လက်ဝါးကပ်တိုင်တွင်အသတ်ခံရ စဉ်အခါ၌စွမ်းအားနည်းသည့်အခြေအနေ၌ ရှိတော်မူခဲ့သော်လည်း၊ ယခုအခါဘုရားသခင် ၏တန်ခိုးတော်အားဖြင့်အသက်ရှင်လျက်နေတော် မူလေပြီ။ ငါတို့သည်လည်းကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိသဖြင့်စွမ်းအားနည်းရကြ၏။ သို့ ရာတွင်ငါတို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်လျက် သင်တို့နှင့်ဆက်ဆံမည်။
Philippians 3:10ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
Colossians 3:4သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။