ကောရိန္တုဩဝါဒစာပထမစောင် 15:6
ထိုနောက်ကိုယ်တော်အားခရစ်ယာန်ညီအစ်ကို ငါးရာကျော်တို့သည်တစ်ပြိုင်နက်ဖူးမြင်ရ ကြ၏။ ထိုသူတို့အထဲမှလူအချို့တို့သည် သေလွန်သွားပြီဖြစ်သော်လည်းလူအများစု မှာယခုတိုင်အောင်အသက်ရှင်လျက်ရှိကြ၏။-
Common Language Bible
In The King James Version
In Context
7ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 15
Cross References
Matthew 28:10ထိုအခါသခင်ယေရှုက ``မကြောက်ကြနှင့်။ သွား၍ငါ၏ညီအစ်ကိုများအားဂါလိလဲ ပြည်သို့သွားရန်ပြောကြားကြလော့။ သူတို့ သည်ထိုပြည်တွင်ငါ့ကိုမြင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Mark 16:7သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။
Acts 13:36ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
1 Thessalonians 4:13ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-
2 Peter 3:4`သခင်ဘုရားသည်မိမိတစ်ဖန်ကြွလာ တော်မူမည်ဟုကတိထားတော်မူခဲ့သည် မဟုတ်ပါလော။ ထိုကတိတော်သည်အဘယ် သို့ဖြစ်လေပြီနည်း။ ငါတို့မိဘများကား သေလွန်ကြလေပြီ။ သို့ရာတွင်ခပ်သိမ်း သောအမှုအရာတို့သည်ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းတော်မူချိန်ကရှိ ခဲ့သည့်အတိုင်းပင်ရှိနေသေးပါသည် တကား' ဟုဆိုကြလိမ့်မည်။-