သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:13
ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-
Common Language Bible
In The King James Version
In Context
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 4
Cross References
Genesis 37:35သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။-
2 Samuel 12:19ဒါဝိဒ်သည်ထိုသူတို့အချင်းချင်းတီးတိုး ပြောဆိုနေကြသည်ကိုမြင်လျှင် ကလေး သေကြောင်းကိုရိပ်မိသဖြင့်သူတို့အား``ကလေး သေပြီလော'' ဟုမေး၏။ သူတို့ကလည်း``မှန်လှပါ၊ ကလေးသေပါပြီ'' ဟုလျှောက်ကြ၏။
1 Kings 1:21အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
Job 1:21အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
Proverbs 14:32မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။