ကောရိန္တုဩဝါဒစာပထမစောင် 16:14
ခပ်သိမ်းသောအမှုတို့ကိုမေတ္တာနှင့်ပြုကြလော့။-
Common Language Bible
In The King James Version
Let all your things be done with charity.
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 16
Cross References
John 15:17ထို့ကြောင့်အချင်းချင်းချစ်ကြလော့ဟု သင်တို့အားငါပညတ်၏။''
Romans 14:15အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။-
1 Corinthians 12:31သို့ဖြစ်၍သင်တို့သည်ပို၍မြတ်သည့်ဆု ကျေးဇူးများကိုစွဲလမ်းကြလော့။ သို့ရာတွင်အမြတ်ဆုံးသောဆုကျေးဇူး ကိုငါဖော်ပြမည်။
Galatians 5:22ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊-
Philippians 2:1သင်တို့သည်ခရစ်တော်၌အသက်ရှင်ခြင်း အားဖြင့်ခွန်အားရရှိကြ၏။ ကိုယ်တော်၏ မေတ္တာတော်သည်သင်တို့အားနှစ်သိမ့်ခြင်းကို ပေး၏။ သင်တို့သည်ဝိညာဉ်တော်နှင့်မိတ်သဟာယ ဖွဲ့ခွင့်ကိုရရှိကြ၏။ သင်တို့တွင်အချင်းချင်း သနားကြင်နာစိတ်ရှိကြ၏။-
1 Thessalonians 3:12မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။-