ကောရိန္တုဩဝါဒစာပထမစောင် 4:19
သို့ရာတွင်သခင်ဘုရားအလိုတော်ရှိပါမူ ငါသည်သင်တို့ထံသို့မကြာမီလာခဲ့ပါ မည်။ ထိုအခါယင်းသို့မာန်မာနထောင်လွှား သူတို့၏နှုတ်သတ္တိကိုသာမက သူတို့၏ တန်ခိုးစွမ်းရည်ကိုလည်းငါကိုယ်တိုင်သိရ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
20ဘုရားသခင်၏နိုင်ငံတော်သည်စကား အားဖြင့်မတည်။ တန်ခိုး၌တည်၏။-
Read all of ကောရိန္တုဩဝါဒစာပထမစောင် 4
Cross References
Acts 18:21``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
Acts 20:2သူသည်ထိုဒေသများကိုလှည့်လည်ကာ တပည့်တော်တို့အား အားပေးစကားများ ပြောကြားပြီးနောက်အခါယပြည်သို့ သွား၏။-
1 Corinthians 2:6သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။-
1 Corinthians 11:34သင်တို့စုဝေးကြသောအခါတွင်ဘုရားသခင် ၏အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့်ကင်းလွတ် နိုင်စေရန် ဆာမွတ်သောသူသည်မိမိအိမ်တွင် စားသောက်စေ။ အခြားကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါဖြေရှင်းမည်။
1 Corinthians 16:5ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
2 Corinthians 1:23ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-