ကောရိန္တုဩဝါဒစာပထမစောင် 4:21
ငါသည်ကြိမ်လုံးကိုကိုင်၍သင်တို့ထံသို့ လာရမည်လော။ သို့တည်းမဟုတ်မေတ္တာနှင့် လည်းကောင်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်လည်း ကောင်းလာရမည်လော။ သင်တို့အဘယ်သို့ အလိုရှိကြသနည်း။
Common Language Bible
In The King James Version
What will ye? shall I come unto you with a rod, or in love, and in the spirit of meekness?
In Context
20ဘုရားသခင်၏နိုင်ငံတော်သည်စကား အားဖြင့်မတည်။ တန်ခိုး၌တည်၏။-
Read all of ကောရိန္တုဩဝါဒစာပထမစောင် 4
Cross References
2 Corinthians 1:23ကောရိန္သုမြို့သို့မလာဘဲနေရန်ငါဆုံးဖြတ် ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာသောကြောင့်ဖြစ် ကြောင်းဘုရားသခင်သည်ငါ၏သက်သေ ဖြစ်တော်မူ၏။-
2 Corinthians 2:3အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
2 Corinthians 10:1ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
2 Corinthians 10:8အကယ်၍ငါသည်သခင်ဘုရားပေးတော်မူ သောအာဏာနှင့်ပတ်သက်၍ အလွန်အကျွံ ဝါကြွားမိခဲ့လျှင်လည်းမရှက်ပါ။ ထိုအာ ဏာသည်သင်တို့အားဖြိုဖျက်ရန်အတွက် မဟုတ်။ ပြုစုပျိုးထောင်ပေးရန်အတွက် ဖြစ်ပေသည်။-
2 Corinthians 13:2ဒုတိယအကြိမ်ငါလာရောက်ခဲ့စဉ်အခါက ``နောက် တစ်ကြိမ်ငါလာလျှင်သင်တို့အားငါညှာတာလိမ့် မည်မဟုတ်'' ဟုယခင်အပြစ်ကူးခဲ့သူများနှင့် အခြားသူအပေါင်းတို့အားငါကိုယ်တိုင်ကြို တင်သတိပေးခဲ့၏။ ယခုလည်းဤအတိုင်း ပင်အဝေးမှငါထပ်မံ၍သတိပေးလိုက်၏။-