ကောရိန္တုဩဝါဒစာပထမစောင် 7:10
အိမ်ထောင်သည်များအားငါပညတ်လို၏။ ယင်း ပညတ်မှာငါ၏ပညတ်မဟုတ်။ သခင်ဘုရား ၏ပညတ်ဖြစ်၏။ မယားသည်မိမိ၏လင်နှင့် ခွဲခွာ၍မနေရ။-
Common Language Bible
In The King James Version
And unto the married I command, yet not I, but the Lord, Let not the wife depart from her husband:
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
Malachi 2:14ထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။-
Matthew 19:3ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
Luke 16:18``မိမိ၏ဇနီးကိုကွာ၍အခြားအမျိုးသမီး တစ်ယောက်နှင့်အိမ်ထောင်ပြုသောသူသည်လည်း သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။ ကွာရှင်းထား သောအမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြုသော သူသည်လည်းသူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။
1 Corinthians 7:12(သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။-
1 Corinthians 7:25သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။