ကောရိန္တုဩဝါဒစာပထမစောင် 7:11
ခွဲခွာ၍နေလျှင်လည်းနောက်ထပ်အိမ်ထောင် မပြုဘဲနေရမည်။ သို့မဟုတ်မိမိလင်နှင့် ပြန်လည်၍ပေါင်းသင်းရမည်။ လင်သည်လည်း မိမိမယားကိုမကွာမရှင်းရ။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 7
Cross References
Deuteronomy 22:19ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။
Isaiah 50:1ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
Mark 10:2ထိုအခါဖာရိရှဲတို့သည်အထံတော်သို့လာ ၍ ``လူတစ်စုံတစ်ယောက်သည်မိမိ၏မယားနှင့် ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍ မေးလျှောက်ကြ၏။