ကောရိန္တုဩဝါဒစာပထမစောင် 8:4
ထို့ကြောင့်ရုပ်တုကိုပူဇော်သည့်အစားအစာ နှင့်ပတ်သက်၍ပြောရသော် ရုပ်တုဟူသည်မှာ သက်ရှင်လှုပ်ရှားမှုမရှိကြောင်းကိုလည်း ကောင်း၊ တစ်ဆူတည်းသောဘုရားမှတစ်ပါး အခြားဘုရားမရှိကြောင်းကိုလည်းကောင်း ငါတို့သိကြ၏။-
Common Language Bible
In The King James Version
In Context
3သို့သော်ဘုရားသခင်ကိုချစ်မြတ်နိုးသူသည် ဘုရားသခင်သိမှတ်တော်မူခြင်းကိုခံရ၏။
Read all of ကောရိန္တုဩဝါဒစာပထမစောင် 8
Cross References
Deuteronomy 3:24`အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူ မည့်ကြီးမားအံ့သြဖွယ်ကောင်းသောအမှုတော် အရိပ်အမြွက်မျှလောက်ကိုသာ အကျွန်ုပ်အား ပြတော်မူပြီ။ ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ လောက၌လည်းကောင်းကိုယ်တော်နည်းတူကြီး မားသောအမှုတော်များကိုပြုနိုင်သောဘုရား မရှိပါ။-
Deuteronomy 4:39သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
Deuteronomy 32:39`` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ အသက်ကိုပေးပိုင်၏။ ငါသည်ဒဏ်ရာရစေနိုင်၏။ ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
Isaiah 41:24သင်တို့နှင့်သင်တို့ပြုသမျှသောအမှုတို့သည် အဘယ်သို့မျှမရေရာ။ သင်တို့အားဝတ်ပြုကိုးကွယ်သူတို့သည်လည်း စက်ဆုတ်ရွံရှာဖွယ်ကောင်းပါသည်တကား။
Isaiah 44:8အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။