Isaiah 44:8
အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
Common Language Bible
In The King James Version
In Context
Cross References
Genesis 28:13ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
Genesis 48:19သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
Leviticus 26:1ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
Deuteronomy 4:35ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
Deuteronomy 28:1သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
Deuteronomy 32:31သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။